Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်


20 Jul,2023

ပြည်ခရိုင်၊ ဇူလိုင်လ ၁၈

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ပေါက်ခေါင်းမြို့နယ်၊ ငါးခူအိုင်ကျေးရွာအုပ်စု၊ ငါးခူအိုင်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်မည့်သူ(၁၅)ဦးအား လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်ကြားပေးရန်အတွက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၈-၇-၂၀၂၃ ရက်နေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှူးမှ စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရခြင်း၏ ရည်ရွယ်ချက်များ အားရှင်းလင်းတင်ပြပြီး ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ တက်ရောက်လာသူများ၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် (၁၀:၄၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

           ထို့နောက်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဌနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသူ(၁၅)ဦးတို့ တက်ရောက်ကြပါသည်။

          အဆိုပါကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာ တတ်မြောက်နိုင်ရေး သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ် (၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm