ကံမ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျောက်ပြုတ် - အင်ကြီးကုန်း - ဆန်တုံ ကျေးရွာချင်းဆက်လမ်း မြေသားတာပေါင်တိုးချဲ့ခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းမှာ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၃၈ ဒသမ ၀၈၉ သန်းဖြင့် လမ်းအရှည် တစ်မိုင်၊ အကျယ် ၁၈ ပေနှင့် ထု ၈ လက်မဖြင့် မြေနီကျောက်စရစ်ခင်းကျင်းဆောင်ရွက် ပြီးစီးခဲ့သဖြင့် ကျေးရွာအုပ်စုသုံးစုမှ ကျေးရွာခြောက်ရွာ အိမ်ခြေ ၆၆၄ အိမ်၊ လူဦးရေ ၂၄၃၂ ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ကာ သွားလာရေး လွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်