Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပူတာအိုမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း မိတ်ဆက်ခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းပြုလုပ်


24 Jul,2023

ပူတာအိုမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း မိတ်ဆက်ခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းပြုလုပ်

ပူတာအို ဇူလိုင် ၂၄

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခေတ်မီစံပြကျေးထူထောင်ရေးစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့်  ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) ဇီးအွန်ကျေးရွာအုပ်စု၊ မူလာအွန်ကျေးရွာ၌ စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပူတာအိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မိုးက အဖွင့်အမှာစကား ပြောကြားပါသည်။

ဆက်လက်၍ ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့်  စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်း၊ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများက လုပ်ငန်းအဖွဲ့များအား အများသဘော ဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ မူလာအွန်ကျေးရွာအား ခေတ်မီစံပြကျေးရွာဖြစ်စေရေအတွက် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားရန်ပုံငွေမြင့်မားရေးစီမံကိန်း လည်ပတ်ရန်ပုံငွေများကို အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့များအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းထံမှ သိရသည်။

နီလာ

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm