Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သမဝါယမပညာဌာနနှင့် ခရိုင် SSID တို့ ပူးပေါင်းဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား


21 Jul,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သမဝါယမပညာဌာနနှင့် စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၁.၇.၂၀၂၃)ရက်နေ့ နံနက် (၀၉း၃၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ အုပ်ချုပ်ရေးဌာနများ ဖြစ်သည့် (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ(အထူးပြု) ကျောင်းသား/ကျောင်းသူများ အနေဖြင့်  တက္ကသိုလ်မှ သင်ကြားပေးသော ဘာသာရပ်များကို လက်တွေ့အသုံးချတတ်စေရန်၊ သင်တန်းတွင် သင်ကြားပေးသည့် နည်းပညာများကို သင်ယူအသုံးချ၍ တက္ကသိုလ်မှ ဘွဲ့ရသွားပြီးနောက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်ပြီး တိုင်းပြည်စီးပွားရေး တိုးတက်အောင် ကြိုးစားကြမည့် အနာဂတ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖြစ်အောင် ကြိုးစားကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တန်ဖိုးမြှင့် စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ ပါသည်။ တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်းကို (၂၁.၇.၂၀၂၃)ရက်နေ့မှ (၂၆.၇.၂၀၂၃) ရက်နေ့ နံနက်(၉းဝဝ)မှ ညနေ (၄းဝဝ)ထိ (၆)ရက်တာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ(၂၅)ဦးရေ တက်ရောက် သင်ကြားခဲ့ ကြပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm