ရပ်စောက်၊ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်သမဝါယမအသင်းစုမှ အသင်းအချင်းချင်း ပံ့ပိုးချေးငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ သွင်းအားစုထောက်ပံ့ပေးအပ်ခဲ့ရာ မေတ္တာမွန်သမဝါယမအသင်းသို့ မိုးစပါးစိုက်ဧက ၁၀၅ ဧကအတွက် ငွေကျပ် ၁၁၂.၄၂ သိန်းနှင့် ညီမျှသော သွင်းအားစုများဖြစ်သည့် အာမိုယူရီးယားမြေဩဇာ ၁၂၅ အိတ်နှင့် စွမ်းထက် သဘာဝမြေဩဇာ ၄၆ အိတ်၊ နောင်မိုင်းမျိုးစေ့ထုတ်သမဝါယမအသင်းသို့ မိုးစပါးစိုက်ဧက ၁၅၆ ဧကအတွက် ငွေကျပ် ၁၆၁.၄ သိန်းနှင့်ညီမျှသော သွင်းအားစုများဖြစ်သည့် အာမိုယူရီးယား ဓါတ်မြေဩဇာ ၁၅၀ အိတ်၊ စွမ်းထက်သဘာဝမြေဩဇာ ၂၀ အိတ်တို့အား မြို့နယ်သမဝါယမ ဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ အသင်းသားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်