ပုဏ္ဏားကျွန်း၊ ဇူလိုင် ၁၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပညာရေးငွေစုငွေချေးသမဝါယမအသင်း (လီမိတက်)က အသင်းသားအသင်းသူများ၏ သားသမီးများမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိခဲ့သူများအား ဆုပေးပွဲအခမ်းအနားကို အဆိုပါအသင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သော ၅ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၉ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၁ ဦးနှင့် ၁ ဘာသာ ဂုဏ်ထူးရှင် ၁၂ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၅ ဦးတို့အား ငေွကျပ်သိန်း ၂၇.၄ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်