Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ် သီးပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


18 Jul,2023

မြို့သစ်     ဇူလိုင်     ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့သစ်မြို့နယ်၊ သီးပင်ကျေးရွာ၌ မြစိမ်းရောင်‌စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ သီးပင်ကျေးရွာ၌ မြစိမ်းရောင်​ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ လစဉ်ပုံမှန်ဖြည့်သွင်းရမည့် စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းအမျိုးအစားအလိုက် ရန်ပုံငွေထုတ်ချေးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် သီးပင်ကျေးရွာရှိ စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သော အိမ် ထောင်စု ၁၈၀ စုအတွက် ငွေကျပ် ၃၈ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သော အိမ်ထောင်စု ၄၂ စုအတွက် ငွေကျပ် ၁၄ ဒသမ ၇ သန်း၊ စုစုပေါင်း အိမ်ထောင် စု ၂၂၂ စုအတွက် ငွေကျပ်  ၅၂ ဒသမ ၇ သန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် ထုတ်ချေးပေးထားသည့်အတွက် အဆိုပါ အရင်းအနှီးငွေများဖြင့် ကျေးလက်နေပြည်သူများတပိုင်တနိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာ ကြောင်း မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm