Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်


17 Jul,2023

နေပြည်တော် ဇူလိုင် ၁၇

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင် ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယူရီးယားမြေဩဇာ ဝယ်ယူ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီရဲ့ အဓိကတာဝန်အနေဖြင့် တောင်သူများရဲ့ စိုက်ပျိုးရေး လုပ်ငန်းများတွင် လိုအပ်သော သွင်းအားစုများအား စိုက်ပျိုးရာသီချိန်အမှီ ရရှိရေး၊ အရည်အသွေး ပြည့်မှီစွာနဲ့ ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရေးတို့အတွက် စီမံဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း၊ ဦးဆောင်ကော်မတီအနေနဲ့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းနဲ့ ညှိနှိုင်းပြီး သွင်းအားစု ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ပေးလျက်ရှိရာ ရန်ကုန်အထိုင်ဈေးနှုန်းနဲ့ ပုံမှန်ရောင်းဈေးနှုန်းများအဖြစ် ၁-၇-၂၀၂၃မှ ၁၅-၇-၂၀၂၃ ရက်အထိ ယူရီးယား (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ၇၅,၀၀၀ ကျပ်၊ ယူရီးယား (အလုံးသေး) ၅၀ ကီလို တစ်အိတ်လျှင် ၆၈,၈၀၀ကျပ်၊ ကွန်ပေါင်း၅၀ ကီလိုတစ်အိတ်လျှင် ၁၁၅,၀၀၀ ကျပ်နှုန်းဖြင့် ထုတ်ပြန် ပေးထားပြီး ယခုမိုးစပါးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်း အတွက် ၁၁-၇-၂၀၂၃ မှ ၃၁-၇-၂၀၂၃ ရက်အထိ ယူရီးယား (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ၆၈,၈၀၀ ကျပ်၊ ကွန်ပေါင်း၅၀ ကီလိုတစ်အိတ် လျှင် ၁၁၅,၀၀၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးနိုင်ရေးအတွက် ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ပေးထားကြောင်း၊

ထို့ပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ဆောင်ရွက်သည့် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံ ပဲတီစိမ်း စီမံကိန်းများနဲ့ ဆောင်းဆီထွက်သီးနှံ စီမံကိန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်၍ သွင်းအား စုများ ရာသီအချိန်မီ လိုအပ်မှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းတို့မှ အမှန်တကယ်လိုအပ်ပြီး တင်သွင်းရန် လိုအပ်သည့် တန်ချိန်ပမာဏဖြစ်စေရေး ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း၊ နိုင်ငံတကာဈေးနှုန်း များ ကျဆင်းလာတဲ့အတွက် အမှန်တကယ်သုံးစွဲရမဲ့ နိုင်ငံခြားငွေပမာဏဟာ မနှစ်ကထက် လျော့နည်းသက်သာမှာဖြစ်တဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှုကို ခြိုးခြံချွေတာရာ ရောက်မှာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် သွင်းအားစုများ တင်သွင်းရာတွင် ရာသီချိန်အမီ ရောက်ရှိစေရေး၊ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေရေး၊ နိုင်ငံခြားငွေသုံးစွဲမှု ချွေတာစေရေးတို့အတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်မှာ ဖြစ်ပါကြောင်း၊

ဈေးကွက်စီးပွားရေးစနစ်ဖြစ်လို့ အရည်အသွေး၊ စံချိန်စံညွှန်း အာမခံချက်ရှိရန်၊ ဈေးနှုန်း မှန်ကန် သက်သာရန်၊ လိုအပ်သည့် နည်းပညာနှင့် ဝန်ဆောင်မှု (Service) များပေးရန် စသည့် ယှဉ်ပြိုင်မှုရှိရန် လိုအပ်ကြောင်း၊ လုပ်သာကိုင်သာရှိပြီး လုပ်ငန်းရှင်နှင့် တောင်သူ နှစ်ဖက်အကျိုးရှိ တဲ့ အခြေအနေမျိုး ဖန်တီးပေးဖို့လိုအပ်ကြောင်းနှင့် နိုင်ငံခြားငွေသုံးစွဲမှု သက်သာပြီး သွင်းကုန် အစားထိုးနိုင်မည့် အလုပ်အကိုင်ဖန်တီးပေးနိုင်သည့် တင်သွင်းထုတ်လုပ်မှုမျိုးကို စဉ်းစားသင့် ပါကြောင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲမှုကိုလည်း မြှင့်တင်အားပေး ဆောင်ရွက်သင့်သည်ဟု အကြံပြု ဆွေးနွေးလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဦးဆောင်ကော်မတီ၏ စိစစ်ထောက်ခံချက်များအရ နိုင်ငံခြားသုံးငွေ ဝယ်ယူရရှိမှု၊ သွင်းကုန်လိုင်စင်ရရှိမှု၊ တင်သွင်းရောက်ရှိမှု၊ ဖြန့်ဖြူးရောင်းချပြီးစီးမှု၊ ရောင်းချဈေးနှုန်းများအား လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှုများအား လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်တို့က ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်း ဆိုင်ရာများ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသူများ၏ ဝိုင်းဝန်းဆွေးနွေးမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ စိုက်ပျိုးရေး သီးနှံများ အထွက်တိုးရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြည်တွင်းစာရေရိက္ခာဖူလုံသည့် အပြင် ပြည်ပသို့ တင်ပို့ရောင်းချပြီး နိုင်ငံ့စီးပွားမြင့်မားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့် စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ယူရီးယား မြေဩဇာသွင်းအားစုများ အချိန်မီ တင်သွင်းဝယ်ယူဖြန့်ဖြူးရောင်းချရေး အစီအစဉ်မှာ အရေးကြီး၍ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm