Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ပန်းတောင်းမြို့နယ်၌ ကျေးရွာချင်းဆက် မြေသားလမ်းခင်းနေမှု ကွင်းဆင်းစစ်ဆေး


20 Jul,2023

ကျောက်ပန်းတောင်း ဇူလိုင် ၁၈

       မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာစေရန်နှင့် လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်စေရန်ရည်ရွယ်၍ လက်ပံပြား-ကြက်ဖြူတဲ-ဇလင်းတောင် ကျေးရွာချင်းဆက် မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန် ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျံလင်း၊ ညောင်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအေးလွင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါဖြိုးဖြိုးသိမ့်နှင့် တာဝန်ရှိသူများက ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ လက်ပံပြား-ကြက်ဖြူတဲ့- ဇလင်းတောင် ကျေးရွာချင်းဆက် မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းက လမ်းနှင့် ပတ်သက်၍ ရေထွက်ပေါက်များ ထည့်သွင်းဆောင်ရွက်သွားရန်နှင့် လမ်းပုံပေါ်စေရေး သတ်မှတ်လမ်းဒီဇိုင်းအတိုင်း ဆောင်ရွက်သွားရန်ဆွေးနွေးမှာကြားသည်။

         လက်ပံပြား- ကြက်ဖြူတဲ- ဇလင်းတောင် ကျေးရွာချင်းဆက် လမ်းအရှည် ငါးမိုင်၊ အကျယ် ၂၄ ပေ၊ အမြင့် နှစ်ပေရှိ မြေသားလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေကျပ် ၁၉၈ ဒသမ ၉၉၅ သန်းဖြင့် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ် ဇူလိုင်လ ပထမပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၁၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

        အဆိုပါ ကျေးရွာချင်းဆက် မြေသားလမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက လက်ပံပြား၊ ယင်းမာကုန်း၊ ကြက်ဖြူတဲ၊ ဇလင်းတောင်နှင့် တံခွန်တိုင်ကျေးရွာရှိ အိမ်ခြေ ၁၄၇၇ အိမ်မှ လူ ၅၇၅၂ ဦးအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ပြီး ဒေသထွက်ကုန်များကို ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာ သယ်ယူ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ကျောက်ပန်းတောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

အေးသူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm