သန်လျင် ဇူလိုင် ၁၈
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ မြန်မာစာဌာနက ကြီးမှူး ကျင်းပသည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို အာဇာနည် ခေါင်းဆောင်ကြီးများ၏ လေးစားဂုဏ်ယူဖွယ် စိတ်ဓာတ်များကို အတုယူလိုက်နာ တတ်စေရန်နှင့် ကျောင်းသားလူငယ်များ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့၊ နေ့လယ် (၂)နာရီတွင် ဥတ္တရဆောင်(သီရေတာ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ပထမနှစ်ကျောင်းသား၊ ကျောင်းသူ(၁၇)ဦး၊ အထူးပြုဘာသာရပ်များအလိုက် ဘွဲ့ကြိုသင်တန်းနှစ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး၊ စုစုပေါင်း(၃၄)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။