ပြင်ဦးလွင်၊ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဂျီအီးစီခရိုင်ဝန်ထမ်းပေါင်းစုံသမဝါယမအသင်း လီမိတက်၏ ၂၀၂၁-၂၀၂၂ ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်မိုးကြည်နှင့် ဝန်ထမ်းများ၊ ဂျီအီးစီခရိုင်ဝန်ထမ်း ပေါင်းစုံသမဝါယမအသင်းလီမိတက်မှ အမှုဆောင်ဒါရိုက်တာအဖွဲ့များနှင့် အသင်းသား အသင်းသူ ဝန်ထမ်းများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးကြည်(ဦးစီးအရာရှိ)ကဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဒေါ်ခင်မျိုးမျိုးဝင်းက ဆောင်ရွက်ခဲ့သည်။ ဘဏ္ဍာရေးရှင်းတမ်းကို မြို့နယ် သမဝါယမဦးစီးဌာနမှ ဒေါ်စုမျက်သွယ်က ရှင်းလင်းဖတ်ကြားပြီး သဘာပတိက တက်ရောက် လာသော အသင်းသား အသင်းသူဝန်ထမ်းများထံမှ အတည်ပြုချက်ရယူခဲ့သည်။ ထို့နောက် အသင်းမှ အစုပေါ်ချီးမြှင့်ငွေကျပ် ၈ သိန်းနှင့် စုဆောင်းငွေပေါ်အတိုးငွေကျပ် ၁၃၂ သိန်း၊ စုစုပေါင်း ငွေကျပ်သိန်း ၁၄၀ ကို တက်ရောက်လာသော အသင်းသား/သူဝန်ထမ်းများအား ထုတ်ပေးခဲ့ ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်