Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံတောင်ကြီးမြို့နယ် ရွာကြီးဟောင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းစီမံကိန်းရန်ပုံငွေ သတ္တမအကြိမ်ထုတ်ချေးပေး


01 Jan,1970

သံတောင်ကြီးမြို့နယ် ရွာကြီးဟောင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းစီမံကိန်းရန်ပုံငွေ သတ္တမအကြိမ်ထုတ်ချေးပေး

 သံတောင်ကြီး  ဇူလိုင် ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာဖြစ်သည့် ရွာကြီးဟောင်းကျေးရွာအား စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲ များကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်းပြောကြားပြီး ကျေးရွာကော်မတီဝင်များအား စီမံကိန်းလည်ပတ် ရန်ပုံငွေ များ စနစ်တကျ လွှဲပြောင်းပေးအပ်ပါသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း သတ္တမအကြိမ်အဖြစ် သံတောင်ကြီးမြို့နယ် ရွာကြီးဟောင်းကျေးရွာတို့ရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၁၈ ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၂၉ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ကိုးဦး၊ စုစုပေါင်းအသင်းသား ၅၆ ဦးအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၉၀ ကို ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သူသူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm