Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျောင်းကုန်း၊ ပန်းတနော်မြို့နယ်များရှိ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ


15 Jul,2023

နေပြည်တော် ဇူလိုင် ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးဦးစီးမှူးများနှင့် တာဝန်ရှိသူ များလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီးက သင်တန်း ကျောင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးက သမဝါယမစာရင်းရေးစာရင်းကိုင် ပညာရပ်များကို ကြိုးစားသင်ယူ၍ လက်တွေ့လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချနိုင်ရေး၊ သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်ခွင့် ရသည်အထိ ကြိုးစားသင်ယူကြရေး၊ သင်တန်းနည်းပြဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်း သား၊ ကျောင်းသူများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးတို့ကို အလေးထား ဆောင်ရွက် ပေးရန် မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ တံခွန်တိုင် စိုက်ပျိုးရေး ပညာပေးစခန်းတွင် သမဝါယမအသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကျောင်းကုန်းမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက စိုက်ပျိုးရေးအသိပညာပေး ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးက မိုးစပါး စိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေးနည်းပညာများကို အလေးထားလိုက်နာ ဆောင်ရွက်ရေး၊ ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် ဆီထွက်သီးနှံစိုက်ပျိုးရာသီတွင် အောင်မြင် အောင် စိုက်ပျိုးကြရေးနှင့် ဝင်ငွေရသီးနှံဖြစ်သည့်အပြင် ဒေသတွင်း အသေးစားစက်မှုလက်မှု လုပ်ငန်းကိုပါ အထောက်အကူဖြစ်စေသည့် ပီလောပီနံစိုက်ပျိုးရေးအား တိုးချဲ့စိုက်ပျိုးရေး တိုက်တွန်း ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူ များ၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် သမဝါယမအသင်းစုရုံးသို့ သွား ရောက်ကာ သမဝါယမအသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါရုံး၌ပင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများ အနေဖြင့် မိမိတို့ဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေကြိုးစားကြရန်၊ ဦးစီးဌာန (၄) ခု စုစည်းညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန် မှာကြား ကာ ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm