Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး Rainbow ဝန်ဆောင်မှုသမဝါယမအသင်းက ဆောင်ရွက်နေသည့် မိုးစပါးစမ်းသပ်စိုက်ပျိုးခြင်းအခမ်းအနားသို့ အားပေးကြည့်ရှု


15 Jul,2023

နေပြည်တော်၊ ဇူလိုင် ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမအသင်းသားများ၊ တာဝန်ရှိသူများ နှင့်အတူ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ မိုးစပါးစမ်းသပ်စိုက်ပျိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို အားပေးကြည့်ရှုသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ဝန်ကြီးဌာနရုံးဘေးရှိ လယ်မြေ (၂.၈၄) ဧကတွင် Rainbow ဝန်ဆောင်မှုသမဝါယမအသင်းမှ ဆောင်ရွက်နေသည့် မိုးစပါး စိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ မျှော်မှန်းချက်များ အောင်မြင်နိုင်ရေးအတွက် မိမိတို့ကိုယ်တိုင်က လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊

ယခင်နှစ်တွင် GW 11 မျိုးစပါးအား အစေ့ချ စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ပျိုးထောင်စနစ်ဖြင့်စိုက်ပျိုးခြင်း စသည့် စိုက်နည်းစနစ် (၃) မျိုး အသုံးပြု၍ စမ်းသပ်စိုက်ပျိုးခဲ့ရာ အစေ့ချစနစ်ဖြင့် တစ်ဧကလျှင် ၁၀၁ တင်းနှုန်း၊ ကြဲပက်စနစ်ဖြင့် တစ်ဧကလျှင် ၁၂၆ တင်းနှုန်း၊ ပျိုးထောင်စနစ်ဖြင့် တစ်ဧကလျှင် ၁၃၀ တင်းနှုန်း ထွက်ရှိခဲ့ ပါကြောင်း၊ ယခုနှစ် မိုးရာသီတွင် GW 18 မျိုးစပါးအား ပျိုးထောင်စနစ် (ကောက်စိုက်စက်) ဖြင့်  တစ်ဧကလျှင်  မျိုးစေ့ ၁၄ ပြည်နှုန်း၊ တန်းကြား*ပင်ကြား(၁၁ လက်မ X ၄ လက်မ)၊ တစ်ဧကဝင်ဆံ့ကောက်ကွက် ၁၄၂၅၆၀ ကောက်ကွက် ဖြင့် စိုက်ပျိုးခဲ့ပြီး တစ်ဧကပျှမ်းမျှ စပါးတင်း ၁၂၀ နှုန်းထွက်ရှိနိုင်မည်ဟု ခန့်မှန်းရပါကြောင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်ကို အသုံးပြု၍ အထွက်နှုန်း၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို လက်တွေ့သိရှိအောင်ဆောင်ရွက်ပြီး တောင်သူများသို့ အသိပညာပြန့်ပွားရေးကူညီနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တောင်သူများ အမှန်တကယ် အကျိုးဖြစ်ထွန်းမှုရှိစေရန် တတ်စွမ်းသမျှဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သွင်းအားစုအနေဖြင့် သဘာဝမြေဩဇာများနှင့် ဓာတ်မြေဩဇာများအား မျှတစွာ ထည့်သွင်းအသုံးပြုစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ကွက်တွင် ရေပြတ်လပ်မှုမရှိစေ ရေး Solar စနစ်ဖြင့်ရေရရှိရန် ကြိုတင်စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  လုပ်ငန်းများ အောင်မြင်ရေးအတွက် တာဝန်ရှိသူအသီးသီးက ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Rainbow ဝန်ဆောင်မှုသမဝါယမ အသင်း၏ လယ်မြေ (၂.၈၄) ဧကတွင် GW 18 မျိုးစပါးများအား ပျိုးထောင်စနစ်ဖြင့်  စိုက်ပျိုးခြင်းကို အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm