Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကြက်ခြေနီအသင်း ကြက်ခြေနီအ‌ခြေခံရှေးဦးပြုစုခြင်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


17 Jul,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ကြက်ခြေနီအသင်းမှ ဦးစီးဖွင့်လှစ်သော ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို မြသရဖီခန်းမ၌ (၁၁.၇.၂၀၂၃)ရက်နေ့ ညနေ (၀၄း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ အုပ်ချုပ်ရေးဌာနများဖြစ်သည့် (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ ခရိုင်ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ သင်တန်းဆင်း အမှာစကား ပြောကြားပြီးနောက် စစ်ကိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်လင်းခိုင်မှ သင်တန်းဆင်း အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ ထို့နောက် သင်တန်းတွင် သင်ကြားပို့ချခဲ့ကြသော ဆရာ/ ဆရာမများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြပြီး တက္ကသိုလ် ကြက်ခြေနီအသင်း မှ ခရိုင်ကြက်ခြေနီအသင်းသို့ အလှူငွေများလှူဒါန်းသည့်အပေါ် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ မှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ စာတွေ့လက်တွေ့ထူးချွန် ကျောင်းသား၊ ကျောင်းသူများ ဆုတံဆိပ်နှင့် အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြပြီးနောက် ကြက်ခြေနီအခြေခံ ရှေးဦး ပြုစုခြင်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm