Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်


17 Jul,2023

မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

တန့်ယန်း ဇူလိုင် ၁၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မိုင်းကောင်ကျေးရွာအုပ်စု၊ နမ့်စီစိမ်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့များအား စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့ရှိ အဆိုပါ ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေနွယ်ထွန်းက အဖွင့် အမှာစကား ပြောကြားပါသည်။

ဆက်လက်၍ တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝေယုဇနခိုင်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းနှင့် ပတ်သက်သော ငွေစာရင်းပုံစံများ၊ ငွေစာရင်းဖြည့်သွင်းခြင်းနှင့်ထိန်းသိမ်း နည်းလမ်းများကို သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းကို တန့်ယန်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်  မိုင်းကောင်ကျေးရွာအုပ်စု၊ နမ့်စီစိမ်ကျေးရွာမှ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး သင်တန်းကို နှစ်ရက်ကြာ ဖွင်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။

သန်းလွင်(မကွေး)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm