Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ် လှေဝန်းကျေးရွာ၌ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေတင်စနစ်ဆောင်ရွက်နေမှုစစ်ဆေး


17 Jul,2023

မြို့သစ်မြို့နယ် လှေဝန်းကျေးရွာ၌ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေတင်စနစ်ဆောင်ရွက်နေမှုစစ်ဆေး
*************************************
မြို့သစ်         ဇူလိုင်         ၁၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လှေဝန်းကျေးရွာ၌ နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်နှင့် ဝန်ထမ်းများက ကျေးရွာသောက်သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ လှေဝန်းကျေးရွာ၌ လက်ရှိအသုံးပြုနေသော စက်ရေတွင်းအား ဆိုလာပန့်တပ်ဆင်ခြင်းနှင့် ၇ ဒသမ ၇ ကီလိုဝပ် ဆိုလာစနစ်တည်ဆောက်ခြင်းလုပ်ငန်းများများ ဆောင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာအား ဆိုလာနှင့်ဆက်စပ်ပစ္စည်းများကို သတ်မှတ်ဒီဇိုင်း၊ သတ်မှတ်စံနှုန်းများအတိုင်း ဆောင်ရွက်ရန်မှာကြားသည်။

အဆိုပါသောက်သုံးရေရရှိရေးလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၃ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ဇူလိုင် ၁၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက လှေဝန်းကျေးရွာရှိ အိမ်ခြေ ၁၁၇ အိမ်၊ လူ ၅၁၇ ဦးနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိမည်ဖြစ်ပြီး နေရောင်ခြင်စွမ်းအင်သုံး ဆိုလာစနစ်ဖြစ်သည့်အတွက် ဒီဇယ်ဆီဖိုးသက်သာခြင်း၊ ပတ်ဝန်းကျင်ဆူညံသံမရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုင်မှုကို လျော့ကျနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး

 

     


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm