Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ်၌ ကုန်ထုတ်လမ်းများရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရိပ်ရပင်များစိုက်ပျိုး


14 Jul,2023

မြို့သစ်  ဇူလိုင်  ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆူးတပ်ကြီးကျေးရွာကုန်ထုတ်လမ်းနှင့် ပုတီး‌ကုန်းကျေးရွာကုန်ထုတ်လမ်းများ

ရေရှည်တည်တံ့ရေးအတွက် လမ်းဘေးဝဲ/ယာ၌ အရိပ်ရပင်များစိုက်ပျိုးခြင်းကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့် နှင့် ဝန်ထမ်းများက ကျေးရွာသူ‌ကျေးရွာသားများ၊ ကျေးရွာကုန်ထုတ်လမ်းကော်မတီဝင်များနှင့်အတူ

ဆူးတပ်ကြီးကျေးရွာကုန်ထုတ်လမ်း ဘေးဝဲ/ယာ၌ တမာပင် ၁၃၂၀ ပင်နှင့် ပုတီး‌ကုန်းကျေးရွာကုန်ထုတ်လမ်းဘေးဝဲ/ယာ၌ တမာပင် ၁၃၂၀ ပင် အား စနစ်တကျစိုက်ပျိုး‌ပြီး မြို့နယ်ဦးစီးမှူးက

ကျေးရွာတာဝန်ရှိသူများအား စိုက်ပျိုးပြီးအရိပ်ရပင်များရှင်သန်ကြီးထွားနိုင်ရန် ပုံမှန်ရေလောင်းပေးရန်နှင့် ကုန်ထုတ်လမ်းရေရှည်တည်တံရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm