Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံခရိုင်၌ အခြေခံဖုန်းပြင်သင်တန်းဆင်းပွဲကျင်းပ


14 Jul,2023

ဘားအံ  ဇူလိုင်   ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်ဖွင့်လှစ်လျက်ရှိသည့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အခြေခံဖုန်းပြင်သင်တန်းဆင်းပွဲကို ဇူလိုင် ၁၃ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးရန်မျိုးနိုင်က သင်တန်း ဆင်းအမှာစကား ပြောကြားသည်။

ဆက်လက်၍ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က အခြေခံဖုန်းပြင်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး သင်တန်းသူသင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားတတ်မြောက်ခဲ့သော အခြေခံဖုန်းပြုပြင်ခြင်းဆိုင်ရာ ပညာရပ်များကို မြေပြင်တွင် လက်တွေ့အသုံးချကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုဆုချီးမြှင့်ပြီး ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းသူသင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက အခြေခံဖုန်းပြင်သင်တန်းဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါသင်တန်းကို ဇူလိုင် ၃ ရက်နေ့မှ ၁၂ ရက်နေ့ထိ ၁၀ ရက်ကြာ ကျွမ်းကျင်နည်းပြများက စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချခဲ့ပြီး ဘားအံမြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသား ၆ ဦးနှင့် သင်တန်းသူ ၅ ဦး၊ စုစုပေါင်း ၁၁ ဦး တက်သင်ယူခဲ့ကြောင်း ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm