Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မအူပင်၊ ဝါးခယ်မ၊ မြောင်းမြ မြို့နယ်များရှိ စပါးစိုက်တောင်သူများနှင့် တွေ့ဆုံ


13 Jul,2023

နေပြည်တော် ဇူလိုင် ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးဦးစီးမှူးများနှင့် တာဝန်ရှိသူ များလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာသို့ သွားရောက် ပြီး သမဝါယမအသင်းအမှုဆောင်များ၊ အသင်းသားတောင်သူ (၁၅၀) ဦးတို့နှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးက ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက် ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လျာထားစိုက်ပျိုးမည့် အစီအစဉ်များအားလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးမှူးက မအူပင်မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လည်းကောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအား သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုးရေး၊ နွေစပါးစိုက်ပျိုးရေး ဆောင်ရွက်ခဲ့မှု များနှင့် ယခု မိုးစပါးစိုက်ပျိုးရေးအတွက် မျိုးစပါး၊ မြေဩဇာ၊ စိုက်ပျိုးရေးဆေးနှင့် သွင်းအားစုများ ပံ့ပိုးပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး အထွက်တိုးစပါးမျိုးများ ရွေးချယ်စိုက်ပျိုးရန်၊ သွင်းအားစုများကို စနစ်တကျအသုံးပြု ထည့်သွင်းဆောင်ရွက်သွားရန်၊ သဘာဝမြေဩဇာများ ကိုလည်း ရောနှောအသုံးပြုရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူ များ၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝါးခယ်မမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီး က ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်သွားရန်၊ ရုံးအဆောက်အဦများ သန့်ရှင်း သာယာလှပရေး အလေးထားဆောင်ရွက်ရန်၊ ဝန်ထမ်းများ ကျန်းမာအောင် နေထိုင်ရန်နှင့် အရက်၊ ဆေးလိပ်၊ ကွမ်း ရှောင်ကျဉ်ကြရန် စသည်တို့ကို မှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာ နှင့် မြောင်းမြမြို့နယ်၊ (၅)မိုင် စိုက်ပျိုးရေးစခန်းများသို့  သွားရောက်ကာ သမဝါယမအသင်းအမှု ဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး မိုးစပါးစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ရရှိရေး မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မအူပင်မြို့နယ်၌ ဧက (၁၀၀၀)၊ ဝါးခယ်မမြို့နယ်၌ ဧက (၁၀၀၀)၊ မြောင်းမြမြို့နယ်၌ ဧက (၁၀၀၀)အပါအဝင် မြို့နယ် (၂၆) မြို့နယ်၌ စုစုပေါင်းစိုက်ဧက (၂၆,၁၂၂) ဧကကို  စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm