Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယနှစ် အထူးပြုဘာသာရပ် ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ


14 Jul,2023

သန်လျင် ဇူလိုင် ၁၄

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်အလိုက် ဝင်ခွင့်ရရှိကြသည့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားများကို ၁၀-၇-၂၀၂၃ ရက်နေ့မှ ၁၄-၇-၂၀၂၃ ရက်နေ့အထိ စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြု၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှု ပညာအထူးပြု၊ အသုံးချစာရင်းအင်းပညာအထူးပြု၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာအထူးပြု ဘာသာရပ်များအလိုက် ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ပါသည်။ ယနေ့ ကျင်းပပြုလုပ်သည့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားရာ၌ သက်ဆိုင်ရာအထူးပြုဘာသာရပ် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အထူးပြုဘာသာရပ်အချင်းချင်းနှင့် အခြားအထူးပြုဘာသာရပ်များနှင့်လည်း စည်းလုံး ညီညွတ်မှုရှိရန်၊ အထူးပြုဘာသာရပ်အလိုက် Alumni Network ခိုင်မာအောင် တည်ဆောက် ကြရန်နှင့် မိမိတက္ကသိုလ်၏ အသင်းအဖွဲ့လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များက အထူးပြုဘာသာရပ်များ၏ ပညာသင်နှစ်အလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အထူးပြုဘာသာရပ်များအလိုက် Major Queen ရရှိသူများအား စလွယ်၊ ကျိုင်းနှင့် အမှတ်တရ လက်ဆောင်များကို ပါမောက္ခချုပ်ကလည်းကောင်း၊ Major King ရရှိသူများအား စလွယ်နှင့် အမှတ်တရလက်ဆောင်များကို  ဒုတိယပါမောက္ခချုပ်(စီမံ)ကလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။ ထို့နောက် အထူးပြုဘာသာရပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/တွဲဖက်ပါမောက္ခ၊ ဌာနမှူးများ၊ အထူးပြုဘာသာရပ်ဌာနများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm