စစ်တွေ ဇူလိုင် ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၁ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်နှင့် ရွာသစ်ကေကျေးရွာသို့ ဆက်သွယ်ထားသော ဘေလီသံပေါင်နှင့်သစ်သားကြမ်းခင်းတံတား ပြုပြင်ပြီးစီးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးအား တံတားပြုပြင်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက တံတားရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။ အရှည် ၈၅ ပေ၊ အကျယ် ၁၂ ပေရှိ အဆိုပါ ဘေလီသံပေါင်သစ်သားကြမ်းခင်းတံတားသည် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ခြင်းဖြစ်ပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တံတားပြုပြင်ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာအုပ်စု နှစ်အုပ်စု ကျေးရွာ ငါးရွာရှိ အိမ်ခြေ ၉၂၆ အိမ် လူဦးရေ ၄၈၂၂ ဦးအတွက် လမ်းပန်းဆက်သွယ်ရေး လျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်