Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား တွေ့ဆုံအားပေး


13 Jul,2023

နေပြည်တော် ဇူလိုင် ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးဦးစီးမှူးများနှင့် တာဝန်ရှိသူ များလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်းလီမိတက်သို့ သွားရောက်ကာ အသင်းအမှုဆောင်များ၊ အသင်းသား တောင်သူ များနှင့် တွေ့ဆုံခဲ့ရာ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်၊ အသင်းအမှု‌ဆောင်များက မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပဲခူးတိုင်းဒေသကြီးအတွင်း စံပြ စိုက်ပျိုးရေးနှင့် မွေးမြူရေးသမဝါယမအသင်းဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်၊ မိုးစပါးရာသီတွင် ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ရည်မှန်းဆောင်ရွက်ရန်၊ လက်ရှိ စိုက်ဧကများထဲမှ အနည်းဆုံး ဧက ၅၀ အား အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးရေးကိုလည်း လျာထား ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသင်းမှ ဆောင်ရွက်နေသည့် ကောက်စိုက်စက် ဖြင့် စိုက်ရန်အတွက် GW-11 အထွက်တိုးစပါးမျိုးများ ပျိုးထောင်ထားရှိမှု၊ အသင်းပိုင်ဒေသနွားမျိုး ကောင်ရေ (၄၀) မွေးမြူထားမှု၊ နွားစာအတွက် နေဗီယာမြက်(၃)ဧက စိုက်ပျိုးထားမှုတို့အား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ယင်းနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ပဲခူးမြို့ရှိ ရှင်စောပု ခန်းမ၌ သမဝါယမအသင်းအမှုဆောင်များ၊ မြို့မိမြို့ဖများ၊ တောင်သူလယ်သမားများ၊ အသင်းသား တောင်သူများနှင့် တွေ့ဆုံရာတွင် သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ထားမှုများ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယ ဝန်ကြီးက အမှာစကားပြောကြားရာတွင် အထွက်တိုးမျိုးများကို ပြောင်းလဲစိုက်ပျိုးရန်၊ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနကလည်း နည်းပညာများ ဖြန့်ဝေပေးရန်နှင့် ဓာတ်မြေဩဇာနှင့် သဘာဝ မြေဩဇာများ ရောနှောအသုံးပြုရန် မှာကြားကာ အသင်းသားတောင်သူများနှင့် တောင်သူ လယ်သမားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm