Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


13 Jul,2023

နေပြည်တော် ဇူလိုင် ၁၁

မိုခါမုန်တိုင်းသင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စစ်တွေမြို့ သို့ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်ရိပ်သာခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရေး၊ GW-11 အထွက်တိုး မျိုးစပါးများ စိုက်ပျိုးနိုင်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တို့က ဆောင်ရွက်နေသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အချိန်မီပြီးစီးအောင် ဆောင်ရွက် ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်ပေးရေး တို့ကို မှာကြားကာ ပြည်နယ်ဦးစီးမှူး များနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် စစ်တွေမြို့နယ် သမဝါယမဦးစီးဌာနရုံး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတို့၏ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်နေသည့် စစ်တွေမြို့နယ် အောင်မင်္ဂလာရပ်ကွက်နှင့် ရွာသစ်ကေကျေးရွာတို့ကို ဆက်သွယ် ပေးထားသော အရှည် ၈၅ ပေ၊ အကျယ် ၁၂ ပေရှိ ဘေလီသံဘောင်နှင့် သစ်သားကြမ်းခင်း တံတား ပြန်လည်ပြုပြင် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက ပြုပြင်မှုလုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်း ပြည့်မီရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm