၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းစီမံကိန်းကို ဆောင်ရွက်ခဲ့သည့် Pact Global Microfinance Fund (PGMF) ၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့နှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က PGMF ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် PGMF တို့ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက PGMF ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများအပေါ် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်