Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မုန့်ဖုတ်သင်တန်းဆင်း


13 Jul,2023

မန္တလေး ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိ စေရန်နှင့်  မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မုန့်ဖုတ်သင်တန်းဆင်းပွဲအခမ်းအနားကို  ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမရပူရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦးက သင်တန်းဆင်းအမှာ စကားပြောကြားပါသည်။

ဆက်လက်၍ အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချသော မုန့်ဖုတ်နည်းများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြစေလိုကြောင်း ပြောကြာပြီး သင်တန်းနည်းပြများအား  အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။

ထို့နောက် အမရပူရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦး သင်တန်းကာလပြီးမြောက်အောင် တက်ရောက်ခဲ့သော သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပါသည်။

အဆိုပါ သင်တန်းကို အမရပူရမြို့နယ်အတွင်းရှိ ရွှေပေါက်ပင်၊ ဝဲကြီးစင်ရွာ၊ ပြည်လုံးကျော်၊ သာလာအေး၊ ညောင်ပင်စောင့်ကျေးရွာတို့မှ သင်တန်းသူ(၁၀)ဦးကို ကျွမ်းကျင်နည်းပြနှစ်ဦးက မုန့်အမျိုးအစား(၁၂)မျိုးကို ၇ ရက်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း အမရပူရမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm