မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ အမျိုးသမီးများအသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရန်နှင့်အလုပ်အကိိုင်အခွင့်လမ်းများရရှိစေရန်ရည်ရွယ်၍ ဖိနပ်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ဇူလိုင်လ(၁၂)ရက်နေ့နံနက် ပိုင်းက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှုး ဒေါ်ယဉ်မာက အမှာစကားပြောကြားသည်။
ဆက်လက်၍ ရမည်းသင်းမြို့နယ်ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဖိနပ်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ သင်တန်း၌ သင်ကြားပို့ချမည့်ဘာသာရပ်များကိုရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာ တာ
ဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံသို့ လွှဲပြောင်းပေးအပ် သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဖိနပ်ပြုလုပ်နည်းသင်တန်းသို့ ရမည်းသင်းမြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသူ ၁၅ ဦး တက်ရောက်ကြပြီး သင်တန်းတွင် အခြေခံ ဖိနပ်ပြုလုပ်နည်းအမျိုးမျိုးကို ကျွမ်းကျင်နည်းပြဆရာများက စာတွေ့၊လက်တွေ့ နှစ်မျိုးဖြင့် ယနေ့မှ ဇူလိုင် ၂၅ ရက်ထိ အခမဲ့
သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက် ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်ကျော် ဆန်းက ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်