Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမ်းမြို့နယ် စွမ်းအားငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


13 Jul,2023

အမ်း၊ ဇူလိုင် ၁၃

               ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် စွမ်းအားငွေစုငွေချေးသမဝါယမအသင်း (လီမိတက်)၏   ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ မြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ စွမ်းအားငွေစုငွေချေးသမဝါယမအသင်း (လီမိတက်)မှ အမှုဆောင်ဒါရိုက်တာများနှင့် အဖွဲ့ဝင်များ၊ အသင်းသားအသင်းသူများတက် ရောက်ခဲ့ကြသည်။

               အဆိုပါ အစည်းအဝေးတွင် သဘာပတိအဖြစ် စွမ်းအားငွေစုငွေချေးသမဝါယမအသင်း (လီမိတက်)၏  အသင်းဥက္ကဋ္ဌနှင့် အခမ်းအနားမှူးအဖြစ် အသင်းအတွင်းရေးမှူးတို့က ဆောင်ရွက် ခဲ့ကြပြီး သဘာပတိနှင့် မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးသန်းဋ္ဌေးတို့က အမှာစကားပြောကြား ခဲ့သည်။ စွမ်းအားငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)မှ အတွင်းရေးမှူးဒေါ်မြင့်မြင့်ဆွေက အမှုဆောင် အဖွဲ့အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားခြင်း၊ အသင်းစာရင်းစစ်အဖွဲ့ အစီရင်ခံစာနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ချုပ်အစီရင်ခံစာကို အသင်းစာရင်းစစ်အဖွဲ့ ခေါင်းဆောင် ဒေါ်မြတ်မြတ်စိုးက ဖတ်ကြားတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို တက်ရောက်လာကြသော အသင်းသားများမှ သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ချက် ရယူခြင်းများပြုလုပ်ကာ အသင်းသား ၂၁၉ ဦးအား စုဆောင်းငွေပေါ်အတိုးငွေကျပ် ၁၂၆.၄၂၆ သိန်းထုတ်ပေးခြင်းနှင့် အသင်းသားအသင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm