Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ်၌ ကံရွာ-နဂါး-ထနောင်းလှ ကျေးရွာချင်းဆက်လမ်းဖောက်လုပ်နေမှု စစ်ဆေး


13 Jul,2023

ရေနံချောင်း ဇူလိုင် ၁၂

           မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကံရွာ - နဂါး - ထနောင်းလှကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဇူလိုင် ၁၁ရက် နံနက်ပိုင်းကတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

               ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ မကွေးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသင်းမင်းလတ်နှင့် ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ရေနံချောင်း မြို့နယ် ကံရွာ-နဂါး-ထနောင်းလှကျေးရွာချင်းဆက်လမ်း ဖောက် လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာချုပ် ဦးထွန်းဝေက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားသည်။

              ရေနံချောင်းမြို့နယ်၌ ကံရွာ- နဂါး-ထနောင်းလှ ကျေးရွာချင်းဆက်လမ်းအရှည် နှစ်မိုင် ငါးဖာလုံ၊အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မရှိ မြေသားတာပေါင်တင် မြေနီလမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေကျပ် ၉၅ ဒသမ ၅၇၈ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ ယခုနှစ် ဇွန်လ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၃၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ပြီးစီးပါက ကံရွာကျေးရွာ၊ နဂါးကျေးရွာနှင့် ထနောင်းလှကျေးရွာရှိအိမ်ခြေ ၅၀၉ အိမ်မှ လူ ၂၅၁၈ ဦးတို့အတွက် ရာသီမရွေးလမ်းပန်းဆက်သွယ်ရေးအဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ကျေးလက်ထုတ်ကုန်များကိုလည်း ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အလွယ်တကူ သယ်ယူပို့ဆောင် နိုင်မည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်နှင်းပုလဲထွေး ထံမှ သိရသည်။

သန်းလွင်(မကွေး)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm