မော်လမြိုင် ဇူလိုင် ၁၀
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပေါင်မြို့နယ် တက်လန်း နွား မျိုးကောင်းမျိုးသန့် မွေးမြူရေးနှင့် ဝယ်ယူရောင်းချရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်သို့ ပံ့ပိုးချေးငွေများ ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်သမဝါယမဦးစီး ဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ ပေါင် မြို့နယ်သမဝါယမဦးစီးအရာရှိ၊ အသင်းစုဥက္ကဋ္ဌနှင့် တက်လန်းသမဝါယမအသင်းမှ အမှုဆောင် များ၊ အသင်းသားများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင်ပြည်နယ်သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မွန်ပြည်နယ် အတွင်း ချောင်းဆုံ၊သထုံနှင့် ပေါင်မြို့နယ်တို့တွင် နွားမွေးမြူရေးဆောင်ရွက်မည့် သမဝါယမ အသင်း ၄ သင်းအား ဖွဲ့စည်းထားရှိပြီး အဆိုပါအသင်းများအနက် အသင်း ၃ သင်းကို တတိယအကြိမ်အဖြစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ယခု တက်လန်းသမဝါယမအသင်းကိုလည်း အသင်းအချင်းချင်းပံ့ပိုးမှုအနေဖြင့် ပြည်နယ်သမဝါယမအသင်းစုချုပ်မှ အသင်းပိုင်ငွေဖြင့် ပံ့ပိုးဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ပံ့ပိုးချေးငွေကို အသင်းမှ ပြန်လည်ပေးဆပ်သည့်အခါတွင်လည်း မှန်မှန်ကန်ကန်တိတိကျကျ ဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း၊ အသင်းအချင်းချင်းမှသည် မိမိတို့အသင်းသားများ အတွက် တစ်ဆင့်ပြီးတစ်ဆင့်တိုးမြှင့်၍ ချေးငွေလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကမှ ပံ့ပိုးချေးငွေပေးအပ်ခြင်းလုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပေါင်မြို့နယ် တက်လန်းနွားမျိုးကောင်း မျိုးသန့်မွေးမြူရေးနှင့်ဝယ်ယူရောင်းချရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်သို့ နွားမွေးမြူ ရေးလုပ်ငန်း အတွက် နွားစာ၊ ဆေးဝါးနှင့် နွားခြံပြုပြင်တည်ဆောက်ရာတွင် လိုအပ်မည့် မတည်ပံ့ပိုးငွေကျပ် သိန်း ၃၀၀ အား Pilotအနေဖြင့် ပြည်နယ်သမဝါယမအသင်းစုချုပ်မှ အသင်းအချင်းချင်းပံ့ပိုးမှုအဖြစ် ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်