Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကြက်ခြေနီအသင်း ကြက်ခြေနီအ‌ခြေခံရှေးဦးပြုစုခြင်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား


10 Jul,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ကြက်ခြေနီအသင်းမှ ဦးစီးဖွင့်လှစ်သော ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို မြသရဖီခန်းမ၌ (၇.၇.၂၀၂၃)ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ အုပ်ချုပ်ရေးဌာနများ ဖြစ်သည့် (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူး၊ ဒုဌာနမှူး၊ ခရိုင်ကြက်ခြေနီအသင်း ဥက္ကဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းမှာ မိမိကိုယ်ကို တကိုယ်ရေ ကျန်းမာရေးပြုစု စောက်ရှောက်နိုင်စေရန်နှင့် တက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လာပါက ဆေးရုံ၊ဆေးခန်း မရောက်မီ ဝေဒနာသက်သာအောင် ဦးစွာပြုစုကူညီ ဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ကြက်ခြေနီလုပ်ငန်းများသည် ကုသိုလ်အများကြီးရသည့် လုပ်ငန်းတမျိုးဖြစ်သည့်အတွက် သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် တွင် သင်ကြားပေးမည့် ရှေးဉီးပြုစုနည်းတွေကို သေချာနားလည် တတ်ကျွမ်းအောင် လေ့ကျင့်သင်ယူပြီး မိမိကိုယ်တိုင်သာမက မိမိတက္ကသိုလ်၊ မိမိပတ်ဝန်းကျင်၊ အများပြည်သူ၊ ရပ်ရွာများနှင့် နိုင်ငံတော်အတွက် အားကိုးရမည့် လူမှုရေးစိတ်ဓါတ်အပြည့်ဖြင့် အများအကျိုးအတွက် စွမ်းဆောင်ပေးနိုင်သော ကြက်ခြေနီမောင်မယ်ကောင်းများဖြစ်အောင် ကြိုးစားကြရန်မှာကြားခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်လင်းခိုင်မှ သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်တန်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း (၁/၂၀၂၃) သင်တန်းကို (၇.၇.၂၀၂၃)ရက်နေ့မှ (၁၀.၇.၂၀၂၃) ရက်နေ့ နံနက်(၉းဝဝ)မှညနေ(၄းဝဝ)ထိ (၄)ရက်တာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ(၁၀၀)ဦးရေ တက်ရောက်သင်ကြားခဲ့ကြပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm