Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ


10 Jul,2023

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) ဌာနခွဲ/အဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ခရိုင်/မြို့နယ်များ စုပေါင်း၍  ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ၉-၇-၂၀၂၃ ရက်နေ့ (တနင်္ဂနွေနေ့)၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်၍ ရတနာတန်းဝင် ကျွန်းသစ်ပင်အား စိုက်ပျိုးပေးပြီး တက်ရောက် လာကြသည့် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှု့အားပေးခဲ့ပါသည်။

             အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် (၂၂၅) ပင်၊ ကုက္ကိုပင် (၇၅) ပင်၊ ငုဝါပင် (၂၅) ပင်၊ မဆီသပြေပင် (၂၅)ပင်နှင့် စစ်ပင် (၂၅) ပင် စုစုပေါင်း (၃၇၅)ပင်ကို စိုက်ပျိုးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm