နေပြည်တော် ဇူလိုင် ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရှိ အငယ်တန်းအင်ဂျင်နီယာ-၁ (စက်မှု)များအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ အင်ဂျင်နီယာ (စက်မှု)များ လုပ်ငန်းခွင် မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) အစည်းမဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေး) ဦးဝင်းသိန်းက မိမိတို့ ဦးစီးဌာနရှိ ဝန်ထမ်းများ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့်သင်တန်းဖြစ်သည့်အတွက် သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းကာလတစ်လျှောက် ကြိုးကြိုးစားစား သင်ယူ၍ အလေးထားမှတ်သားထားကြရန်လိုအပ်ပါကြောင်း၊ သင်တန်းပြီးဆုံး၍ လုပ်ငန်းခွင်များ ရောက်ရှိသည့်အခါ မိမိတို့စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ စက်ယန္တရားများ၏ အခြေအနေကို အမြဲစောင့်ကြည့်၍ တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်သည့်အချိန်၌ အမြဲအစဉ်သင့်ဖြစ်နေဖို့ လိုအပ်ပါကြောင်း၊ သင်တန်း ကာလမှာ အချိန်တိုဖြစ်သည့်အတွက် ဝန်ကြီးဌာန၏မူဝါဒ၊ ဌာန၏ဆောင်ရွက်ချက်များနှင့် ပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတများ စသည်တို့ကိုလေ့လာသင်ယူရမည်ဖြစ်သည့်အတွက် အလေးအနက်ထားသင်ယူကြစေလိုကြောင်းနှင့် သင်တန်းကာလအတွင်း ကျန်းမာရေးဂရုတစိုက်နေထိုင်ကြရန် အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားပါသည်။
အဆိုပါ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၁၈)ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၄)ဦး၊ စုစုပေါင်း သင်တန်းသား(၂၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၁၀-၇-၂၀၂၃) ရက်နေ့မှ (၁၄-၇-၂၀၂၃) ရက်နေ့ အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်