ရွှေကူ ဇူလိုင် ၈
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ပန်းတင်-မြိုင်သာ-လမ်းခူး-ခေါလဲ-တာလီ-စင်းဖုတ် ကျေးရွာချင်းဆက်လမ်း၌ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဇူလိုင် ၇ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ .
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေကူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးမိုင်းရင်နှင့် တာဝန်ရှိသူများက ပန်းတင်- မြိုင်သာ-လမ်းခူး-ခေါလဲ-တာလီ- စင်းဖုတ် ကျေးရွာချင်းဆက်လမ်း၌ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ(မြို့ပြ) ဦးမိုင်းရင်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန်မှာကြားသည်။
အဆိုပါလုပ်ငန်းများကို ရွှေကူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၇၃ ဒသမ ၅ သန်းအသုံးပြု၍ ယခုနှစ် ဇွန်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇ဝ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ပန်းတင်ကျေးရွာ၊ မြိုင်သာကျေးရွာ၊ လမ်းကူးကျေးရွာ၊ခေါလဲကျေးရွာ၊ တာလီကျေးရွာ၊စင်းဖုတ်ကျေးရွာတို့မှ ကျေးလက်နေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမည့်အပြင် လယ်ယာထွက်ကုန်သီးနှံများဈေးကွက်သို့ လွယ်ကူလျင်မြန်စွာသယ်ယူ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ဦးစီးအရာရှိ(မြို့ပြ) ဦးမိုင်းရင်ထံမှ သိရသည်။
အေးသူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်