Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တနင်္သာရီတိုင်းဒေသကြီးအတွင်း သမဝါယမကဏ္ဍမှ မိုးစပါးဧက ၁၀၀၀၀ စိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) အကောင်အထည်ဖော်ဆောင်ရွက်မည့် သမဝါယမအသင်းများအား သွင်းအားစုများ ပေးအပ်


07 Jul,2023

ထားဝယ်၊ ဇူလိုင် ၆

          တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် သမဝါယမကဏ္ဍမှ မိုးစပါးဧက (၁၀၀၀၀)စိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်)အကောင်အထည် ဖော်ဆောင်ရွက်မည့်လုပ်ငန်း၌ သမဝါယမအသင်း ၂၆ သင်း၊ တောင်သူ ၈၇၀ ဦးအား မျိုးစပါး ၉၃၁၉ တင်း၊ သဘာဝမြေသြဇာ ၂၄၆၂ အိတ်၊ ပုလဲမြေသြဇာ ၂၁၆၇ အိတ်၊ ကွန်ပေါင်းမြေသြဇာ ၅၈၈၉ အိတ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၂၀၈ သန်းအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှမတည်၍ တစ်ဧကအထွက်နှုန်းတိုးစေရေးဆောင်ရွက်မည်ဖြစ်ပြီး၊ ကျန်မိုးစပါး စိုက်ဧက ၃၉၆၀ ဧကအား  သမဝါယမအသင်းအချင်းချင်းမှ  ပံ့ပိုးသွားနိုင်ရေးဆောင်ရွက်မည်ဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီး အတွင်း မိုးစပါးဧက (၁၀၀၀၀)ပြည့်မီအောင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

          ထားဝယ်မြို့နယ်၊  ကျောက်မော်ကွင်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး စိုက်ပျိုးရေး သရုပ်ပြပွဲအခမ်းအနား၌ မြို့နယ်အဆင့်မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်ရေး ကော်မတီက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် (သမဝါယမ ကဏ္ဍ)မှ ကျောက်မော်ရပ်ကွက်နှင့် ဆက်စပ်ကျေးရွာများရှိ သမဝါယမအသင်း/ အစုအဖွဲ့တောင်သူ (၂၆)ဦးအတွက် မိုးစပါးစိုက်ဧက(၅၅၁)ဧကအားမျိုးစပါးနှင့် သွင်းအားစုမြေသြဇာ ပေးအပ်ပွဲကိုလည်း ယနေ့နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ပြီး အသင်းသားတောင်သူများလိုအပ်သော သဘာဝမြေသြဇာ (၅၅၁)အိတ်၊ တန်ဖိုးငွေကျပ် (၁၆.၅၃)သန်း၊ ပုလဲမြေသြဇာ(၅၅၁)အိတ်၊ တန်ဖိုးငွေကျပ်(၄၄.၀၈) သန်း၊ မျိုးစပါး (၁၁၀၂)တင်း၊ တန်ဖိုးငွေ ကျပ်(၄၉.၅၉)သန်း၊  စုစုပေါင်းတန်ဖိုးငွေကျပ်(၁၁၀.၂၀) သန်းနှင့် ညီမျှသည့်မျိုးစပါး/သွင်းအားစုများ ပေးအပ်ခဲ့သည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို နှင့်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးတို့မှ မျိုးစပါးများပေးအပ်ခြင်း၊ စီးပွားရေးဝန်ကြီး ဦးအောင်ကြီး နှင့် သယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်တို့မှ ပုလဲမြေသြဇာများပေးအပ်ခြင်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်တို့မှ  သဘာဝမြေသြဇာများပေး အပ်ခြင်းတို့အား    အသင်းသားတောင်သူများမှ လက်ခံရယူခဲ့ကြပြီးနောက် အသင်းသားတောင်သူ များကိုယ်စား အသင်းသားတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်  ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm