Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မာန်အောင်မြို့နယ် မေဃ‌ရှေ့ဆောင်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အသင်းသားပြည်သူများအား အစုပေါ်အမြတ်များ ထုတ်ပေး


16 May,2022

မာန်အောင်၊ မေ ၁၆

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် မေဃရှေ့ဆောင်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသားပြည်သူများသို့ အစုပေါ်အမြတ်ငွေများထုတ်ပေးသည့် အခမ်းအနားကို မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှအမှုဆောင်များ၊ မေဃရှေ့ဆောင် ငွေစုငွေချေးသမဝါယမအသင်းအမှုဆောင်အဖွဲ့နှင့် အသင်းသားပြည်သူများ  တက်ရောက်ခဲ့သည်။

ထို့နောက် အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ  ဦးစီးအရာရှိနှင့်  မြို့နယ်သမဝါယမ အသင်းစုဉက္ကဋ္ဌတို့က အမှာစကားပြောကြားခဲ့ပြီး အသင်းသား ၅၈၀ ဦးတို့၏ အစုငွေကျပ်သိန်း ၁၁၆.၀၀ အ‌ပေါ် အစုပေါ်အမြတ်ငွေကျပ်သိန်း ၁၉.၇၂ ကို အသင်းသားများကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm