Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


08 Jul,2023

နေပြည်တော် ဇူလိုင် ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစုအုပ်စု၊ ရုံးတော ကျေးရွာရှိ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ အသင်းအမှုဆောင်များက အသင်းသား (၂၉) ဦး၊ အသင်းအမှုဆောင် (၅) ဦးဖြင့် အသင်းပိုင်မြေ (၂၄၇)ဧကအနက် လယ်မြေ (၃၃)ဧကနှင့် ယာမြေ (၈၀)ဧကတို့တွင် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး က ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးလုပ်ငန်းများအား သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ကျေးလက်နေ ပြည်သူ အများစုမှာလည်း အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နေကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရက ရန်ပုံငွေများ ထောက်ပံ့ပေးလျက်ရှိသဖြင့် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုပြီး အသင်းအမှုဆောင်များက လုပ်ငန်းများ အောင်မြင်ရေး၊ အသင်းသားများ အကျိုးစီးပွား တိုးပွားစေရေးတို့ကို အလေးထား ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ဆောင်းသီးနှံများ၊ နွေသီးနှံများ သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် ရေရှိရေးနည်းလမ်းများ ရှာဖွေကြံဆ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် အသင်းပိုင် မြေလွတ်များတွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး နည်းလမ်းရှာဖွေ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစု များရရှိရေး ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ်  ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၏ လယ်မြေ (၄၀) ဧကတွင် GW-11 စပါးမျိုးနှင့် ထိုင်းနှံကောက်စပါးမျိုးများ၊ အခြားစိုက်ပျိုးမြေ (၆၈.၃၆) ဧကတွင် ပြောင်းနှင့် အခြားသီးနှံများ စိုက်ပျိုးထားရှိမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm