Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စံပြကျေးရွာများနှင့် စိုက်ပျိုးရေးသမဝါယမအသင်းများသို့ Daedong ထွန်စက်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်


07 Jul,2023

ပုသိမ်၊  ဇူလိုင် ၇

          ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စံပြကျေးရွာများနှင့် စိုက်ပျိုးရေးသမဝါယမအသင်းများသို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘတ်ဂျက်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေမှ Daedong ထွန်စက်နှင့် ဆက်စပ်ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)၌  ကျင်းပခဲ့သည်။ 

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဦးစီးမှူးက  Daedong ထွန်စက်နှင့် နောက်တွဲဆက်စပ်ပစ္စည်း များ ထောက်ပံ့ပေးအပ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ရေကြည်၊ လေးမျက်နှာ၊ မြောင်းမြနှင့် ပန်းတနော်မြို့နယ်များရှိ  စံပြ ၄ ရွာနှင့်  ကြံခင်း၊ ဝါးခယ်မ၊ လပွတ္တာ၊ ဓနုဖြူ၊ ကျိုက်လတ်၊ ညောင်တုန်းမြို့နယ်များရှိ   စိုက်ပျိုးရေးသမဝါယမအသင်း ၇ သင်းသို့ CK-2810 ထွန်စက် ၁၁ စီးနှင့်  DH-225 ဆက်စပ်ပစ္စည်းအမျိုးအစား ၁၀ မျိုးကို ထောက်ပံ့ပေး အပ်ခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာ မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများမှ တာဝန်ရှိသူများ၊ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm