Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်းလီမိတတ်က ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ပွဲ ကျင်းပ


07 Jul,2023

မုဒုံ၊ ဇူလိုင် ၇   

မွန်ပြည်နယ် မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်းလီမိတတ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် အသင်းသားများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ပွဲ အခမ်းအနားကို အဆိုပါ အသင်းရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးသန်းတင်က အဖွင့်အမှာစကားပြောကြားပြီး အသင်း အတွင်းရေးမှူးက ပညာသင်ထောက်ပံ့ကြေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ၃ ဘာသာ၊ ၁ ဘာသာနှင့် ရိုးရိုးအောင်မြင်သူများအား မုဒုံမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိ သူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေများ  အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm