Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တန့်ယန်းမြို့နယ်၌ ခေတ်မီစံပြကျေးထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်ရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း မိတ်ဆက်ခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းပြုလုပ်


03 Jul,2023

တန့်ယန်း ဇူလိုင် ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာ နှစ်တွင် ခေတ်မီစံပြကျေးထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်ရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) နမ့်ဟူးလွယ်ကာကျေးရွာ၌ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တန့်ယန်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်က အဖွင့် အမှာစကား ပြောကြားကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိတ်ဆက် ရှင်းလင်း ပြောကြားပါသည်။

ဆက်လက်၍ တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေနွယ်ထွန်းနှင့်  စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်း ခြင်း၊ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများက လုပ်ငန်းအဖွဲ့များအား အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ နမ့်ဟူးလွယ်ကာကျေးရွာအား ခေတ်မီစံပြကျေးရွာဖြစ်စေရေအတွက် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားရန်ပုံငွေမြင့်မားရေးစီမံကိန်း လည်ပတ်ရန်ပုံငွေများကို အစုအဖွဲ့ဖြင့် ဆောင်ရွက်မည့် နွားမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း တန့်ယန်းခရိုင်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm