နေပြည်တော်၊ ဇူလိုင် ၅
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော တာဝန်ရှိသူများ သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် Establishing Bamboo Technology Centre for the development of bamboo based value-added products industry in Lancang - Mekong Region စီမံကိန်းအဆိုပြုလွှာ နှင့် စပ်လျဉ်း၍ ဝါးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်း၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ Bamboo ဝါးကုန်ထုတ်သမဝါယမအသင်း ဒုတိယ ဥက္ကဋ္ဌ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေး၌ ညွှန်ကြားရေးမှူးချုပ်က ဝါးနည်းပညာသင်တန်းကျောင်း တည်ထောင်ရာတွင် အဓိကလိုအပ်ချက်များဖြစ်သော သင်တန်းအဆောက်အဦ၊ သင်တန်းသားအိပ်ဆောင်၊ စားရိပ်သာများ ဆောက်လုပ်ခြင်း၊ သင်ရိုးညွှန်းတမ်းများရေးဆွဲခြင်း၊ စက်ပစ္စည်းများ၊ လက်သုံးကိရိယာများဝယ်ယူခြင်း၊ သင်တန်းနည်းပြများအား (TဝT) သင်တန်းများပေးခြင်းနှင့် ဝါးစိုက်ပျိုးမြေရရှိရေး ကိစ္စရပ်များအား ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က ဝါးနည်းပညာသင်တန်းကျောင်း တည်ထောင်ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး Bamboo ဝါးကုန်ထုတ်သမဝါယမအသင်းမှ တာဝန်ရှိသူ များနှင့် ဌာနမှတာဝန်ရှိသူများက အသီးသီးဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်