Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မုန့်ဖုတ်သင်တန်းဖွင့်ပွဲကျင်းပ


05 Jul,2023

မန္တလေး ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိ စေရန်နှင့်  မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းကြယ်သီးထိုးသင်တန်း ဆင်းပွဲအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမရပူရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦးက အဖွင့်အမှာ စကားပြောကြားပါသည်။

ဆက်လက်၍ အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားပြီး သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချမည့် ဘာသာရပ်ဆိုင်ရာများကို စနစ်တကျလေ့လာသင်ယူလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက်သင်တန်းနည်းပြ ဆရာမများက သင်တန်းတွင်ပို့ချမည့် မုန့်ဖုတ်နည်းဘာသာရပ်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသည့် သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။

 

အဆိုပါ သင်တန်းကို အမရပူရမြို့နယ်အတွင်းရှိ ရွှေပေါက်ပင်၊ ဝဲကြီးစင်ရွာ၊ ပြည်လုံးကျော်၊ သာလာအေး၊ ညောင်ပင်စောင့်ကျေးရွာတို့မှ သင်တန်းသူ(၁၀)ဦးကို ကျွမ်းကျင်နည်းပြနှစ်ဦးက မုန့်အမျိုးအစား(၁၂)မျိုးကို ယနေ့မှစ၍ ၇ ရက်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း အမရပူရမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်စန်းဦးထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm