Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


05 Jul,2023

သံတောင်ကြီး  ဇူလိုင် ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သစ်ခွတောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို  ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ နှင့်တွေ့ဆုံ၍ သစ်ခွတောင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှု၊ ငွေစာရင်းပုံစံများ စနစ်တကျ ဖြည့်သွင်းထားခြင်း ရှိ/မရှိနှင့် စီမံကိန်းလက်စွဲ စာစောင်ပါ ညွှန်ကြားချက်များ အတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

 အဆိုပါ သစ်ခွတောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ နဝမနှစ် စက်ဝန်းအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်သူစုစုပေါင်း အသင်းသား ၅၂ ဦးကို  ငွေကျပ်သိန်း ၃၄၇ သိန်း ထုတ်ချေး ပေးထားကြောင်း သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm