Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးမြို့၌ စီမံကိန်းလုပ်ငန်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်


04 Jul,2023

ပဲခူး ဇူလိုင် ၄


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်တို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေလွေယ်ကူစေပြီး စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရန် ရည်ရွယ်၍ စီမံကိန်းလုပ်ငန်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ရှိ အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးဝေက သင်တန်းသား သင်တန်းသူများ အနေဖြင့် သင်တန်းမှ ပို့ချပေးမည့် သင်တန်းခန်းစာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိစွာ ပြန်လည် အသုံးချကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
 
ဆက်လက်၍ တန့်ယန်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများထံသို့ သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ကြပါသည်။
 
အဆိုပါ  စီမံကိန်းလုပ်ငန်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူ ၃၅ ဦးတက်ရောက်ကြပြီး သင်တန်းတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဘာသာရပ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဘာသာရပ်၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းဘာသာရပ်၊ ကျေးလက်စီးပွားရန်ပုံငွေမြင့်မားရေးစီမံကိန်းဘာသာရပ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေ စသည့် ဘာသာရပ်များကို ၅ ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm