Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၁၀၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနက ပြပွဲ၊ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများ ကျင်းပပြုလုပ်


30 Jun,2023

ထားဝယ်၊ ဇွန် ၃၀

၁၀၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို တနင်္သာရီ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ  အခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ အမှုဆောင်များနှင့် ဒါရိုက်တာများ၊ ထားဝယ်ခရိုင် ၄ မြို့နယ်မှ ဦးစီးအရာရှိများနှင့်ဝန်ထမ်းများ၊ သမဝါယမအသင်းစု ဥက္ကဋ္ဌများနှင့် ဆုရရှိသူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေမှ အဖွင့်အမှာစကားပြောကြားပြီး သမဝါယမဖွံ့ဖြိုးရေးဆောင်ရွက်မှုများအတွက် ဂုဏ်ပြုဆုရရှိသည့် သမဝါယမအသင်းများ၏ အခြေခံအချက်အလက်နှင့် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း မှတ်တမ်းဓာတ်ပုံများအား Power Point ဖြင့်ပြသခြင်း၊ ထုတ်လုပ်၊ ဝန်ဆောင်၊ ကုန်သွယ်မှုလုပ်ငန်းများ၌ စွမ်းဆောင်ရည်အမြင့်မားဆုံးဆုများရရှိသည့် မြို့နယ်သမဝါယမ အသင်းစုများနှင့် အခြေခံသမဝါယမအသင်းများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာသူများက စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ခြင်း၊ တိုင်းဒေသကြီးအတွင်း သမဝါယမလှုပ်ရှားမှုဓါတ်ပုံများကြည့်ရှုခြင်းနှင့် သမဝါယမ အခြေခံစားကုန်အရောင်းဆိုင်မှု ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချသည့် ပစ္စည်းများအား ဝယ်ယူ အားပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm