Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၁၀၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက်ထိုမြို့နယ် သမဝါယမ မိသားစုက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ


29 Jun,2023

ကျိုက်ထို ၊ ဇွန် ၂၆

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက် (စနေနေ့) တွင် ကျရောက်မည့် ၁၀၁ နှစ်မြောက် အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သမဝါယမ မိသားစုက ဇွန် ၂၄ ရက်နေ့တွင် မြို့နယ်သမဝါယမဦးစီးဌာနရုံးဝင်း၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်သမဝါယမ အသင်းစုမှ အမှုဆောင်နှင့်ဝန်ထမ်းများ ပါဝင်စိုက်ပျိုးခဲ့ကြသည်။ ထိုသို့စိုက်ပျိုးရာတွင် မန်ဂျန်ရှား၊ ကျွန်း၊ မဟောဂနီ၊ ရေမနေ၊ ကံ့ကော်၊ သင်္ကန်းနှင့် ပျဉ်းမပင်တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm