Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၁၀၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ္မတူမြို့နယ် လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်က ဂုဏ်ပြုဆုများ ချီးမြှင့်


29 Jun,2023

နမ္မတူ၊ ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်ရှိ လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်း လီမိတက်က ဇူလိုင် ၁ ရက် (စနေနေ့) တွင် ကျရောက်မည့် ၁၀၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းဝန်ထမ်းများနှင့် အသင်းသားများ၏ သား/သမီးများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ၊ ဂုဏ်ထူးရရှိသည့် ကျောင်းသား/သူများနှင့် သင်ကြားမှုထူးချွန်ဆရာမအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အ.ထ.က ကျောင်း များသို့ အလှူငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm