Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၁၀၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် ရတနာထွန်းလယ်/ထွေသမဝါယမအသင်းလီမိတက်က ထောက်ပံ့ငွေများ ထုတ်ပေး


29 Jun,2023

ချောင်းဆုံ ၊ ဇွန် ၂၆

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက် (စနေနေ့) တွင် ကျရောက်မည့် ၁၀၁ နှစ်မြောက် အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရတနာထွန်း လယ်/ထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား/သူ (၈၀) ဦးသို့ ထောက်ပံ့ငွေများ ထုတ်ပေး ခြင်းအခမ်းအနားကို ဇွန် ၂၄ ရက်က မုဒူးကျေးရွာရှိ သီဟိုဠ်ကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အသင်းအမှုဆောင်များနှင့် အသင်းသား/သူများ တက်ရောက်ခဲ့ကြသည်။ အသင်းမှ အသင်းသား/သူ (၈၀)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၇၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ်စုစုပေါင်း ၅၆၀၀၀၀ ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm