Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ


28 Jun,2023

သန်လျင်၊ ဇွန် ၂၈

              သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)နှင့် ပညာရေးဝန်ကြီးဌာန၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တို့၏ ပညာရပ် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်အတွက် နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့၊ နံနက်(၁၀)နာရီခွဲတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။ နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပြီးပါက နှစ်ဖက်အဖွဲ့အစည်းများသည် ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန်ဖလှယ်ခြင်း၊ သုတေသန Project များ ပူးပေါင်းဆောင်ရွက်ခြင်း၊ သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပခြင်းနှင့် သုတေသနစာတမ်းများ ထုတ်ဝေခြင်းစသည့် ပညာရပ်ဆိုင်ရာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်နှင့် အငြိမ်းစားပါမောက္ခချုပ် များ၊ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် အငြိမ်းစားကျောင်းအုပ်ကြီးများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တို့မှ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ဒုတိယဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm