Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့ဝင်များ စစ်တွေမြို့ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းပေး


26 Jun,2023

စစ်တွေ ဇွန် ၂၆

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိ နေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ တွင် နန္ဒဝန်ဥယျာဉ်၊ ကျောက်တန်းတံတားရှိ ကြမ်းခင်းပျက်စီးနေမှု၊ ကျောက်တန်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ကျားမသောက်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၈၁) အခြေခံပညာမူလတန်းကျောင်းနှင့် တပ်နယ်မြေ အခြေခံပညာမူလတန်း ကျောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဧက-၄၀ မျိုးစပါးစမ်းသပ်ကွက်များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရခိုင်ပြည်နယ် သမဝါယမ အသင်းစုချုပ် (လီမိတက်)၌ အသင်းဥက္ကဋ္ဌ နှင့် ဒါရိုက်တာအဖွဲ့ဝင်များအား တွေ့ဆုံသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင်  ကူညီကယ်ဆယ်ရေး အဖွဲ့များက စစ်တွေမြို့ နန္ဒဝန်ဥယျာဉ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုကျ ပျက်စီးခဲ့သည့် သစ်ပင်များဖယ်ရှားရှင်းလင်းနေမှုကို ကြည့်ရှုအားပေးပြီး မိုးရာသီကာလ သစ်ပင်များစနစ်တကျရှင်သန် ကြီးထွားအောင်ပြန်လည်စိုက်ပျိုးရန်နှင့် ပြည်သူများအပန်း ဖြေနိုင်ရေး အတွက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန် မှာကြားသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေ - အမ်း - ရန်ကုန် ကားလမ်း မိုင်တိုင် ၁၉၀ ၊ ကျောက်တန်းတံတားရှိ ကြမ်းခင်း အရှည် ပေ - ၁၂၀ ၊ အကျယ် - ၃၂ ပေ ပျက်စီးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် စနစ်တကျပြန်လည်ပြုပြင် တည်ဆောက်သွားရန်မှာကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တန်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ကျားမသောက်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၈၁) အခြေခံပညာမူလတန်းကျောင်းနှင့် တပ်နယ်မြေ အခြေခံပညာမူလတန်း ကျောင်းတို့သို့သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ၊ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင် ဆောင်များ ပြန်လည်ပြင်ဆင်ပြီးစီးမှု၊  ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင် ကြားနေမှု၊ သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံလုံလောက်မှု ရှိ/မရှိ ၊ ဆရာနှင့် ကျောင်းသား အချိုးမျှတမှု ရှိ/မရှိ ၊ ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းနှင့် ကျောင်း ပတ်ဝန်းကျင်  သန့်ရှင်းသပ်ရပ်မှုများနှင့်  ဆက်လက်ပြုပြင်သွားမည့်အစီအမံများကို   လိုက်လံကြည့်ရှု မေးမြန်းပြီး သင်ထောက်ကူပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည် များ ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ဧက - ၄၀ မျိုးစပါးစမ်းသပ်ကွက်များဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အထွက်နှုန်း ကောင်းသောစပါးစိုက်ပျိုးရေးနှင့်   သီးထပ်စိုက်ပျိုးနိုင်ရေး မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း၌ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် က အကောင်အ ထည်ဖော်ဆောင်ရွက်သည့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသ ပဲနို့ အဟာရတိုက်ကျွေးရေးစီမံချက်အရ စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူ ကလေးငယ် (၃၇၅) ဦးအား ပဲနို့တိုက်ကျွေး နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် သမဝါယမ အသင်းစု ချုပ် (လီမိတက်)၌ အသင်းဥက္ကဋ္ဌ နှင့် ဒါရိုက်တာအဖွဲ့ဝင်များအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် အသင်းဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက အသင်းဖွဲ့စည်းပုံ နှင့် လုပ်ငန်းတာဝန်များ၊ အသင်းစုနှင့် အခြေခံအသင်းများ၏ ရင်းနှီးထည့်ဝင်ငွေများ၊ လုပ်ငန်း ခွဲလုပ်ငန်းစုများအလိုက်ဆောင်ရွက်နေမှုများနှင့် အသင်းသူအသင်းသားများ၏ အကျိုး အတွက် လူမှုစီးပွားရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန် ကြီးချုပ် က ဖြည့်စွက်ဆွေးနွေးသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က သမဝါယမ ဆိုသည်မှာ စိတ်တူကိုယ်တူများစုပေါင်း၍ ဝါယမစိုက်ထုတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သမဝါယမအသင်းများကို ပေါင်းစပ်ညှိနှိုင်းထောက်ပံ့ပေးသွားကြရမည်ဖြစ်ကြောင်း၊ သမဝါယမလုပ်ငန်း အမှန်တကယ်လုပ်ဆောင်နေကြသူများကို အားပေးကူညီသွားကြ ရမည် ဖြစ်ကြောင်း၊ ဒေသနှင့်ကိုက်ညီပြီး သမဝါယမစနစ်ဖြင့် ဆောင်ရွက်နေကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို မြှင့်တင်သွားကြရမည်ဖြစ်ကြောင်း၊ သမဝါယမလုပ်ငန်းများကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် အောင်မြင် အောင်လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း မှာကြား သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်းသည့်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လုပ်ငန်းတိုးတက်မှု အခြေအ နေများနှင့်စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည် များပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော် မြို့၊ မြောက်ဦးမြို့နှင့် မြေပုံမြို့ ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ကို လျှပ်စစ်ဓာတ် အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်သည်။

ယခုအခါ ပြင်ဆင်ရန်ကျန်ရှိသည့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်းပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်း ၅၆ ရာခိုင်နှုန်းခန့်၊ ၆၆ ကေဗွီ ရသေ့တောင် - ဘူးသီးတောင် ဓာတ်အားလိုင်း ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်း ၅၄ ရာခိုင်နှုန်းခန့်  ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျေးရွာဓာတ်အားလိုင်းများပြန်လည်ပြုပြင် ဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်ရမည့်ကျေးရွာစုစုပေါင်း ၃၂၇ ရွာ ရှိသည့်အနက် ဆောင်ရွက်ပြီးကျေးရွာ ၇၁ ရွာ၊ ဆောင်ရွက်ဆဲကျေးရွာ ၅၄ ရွာဖြစ်ပြီး စုစုပေါင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၄၇ ရာခိုင်နှုန်းခန့်  ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သတင်း ရရှိသည်။ (လျှပ်စစ်ပုံများ မထည့်ပါ)

                                                                                                      (သတင်းစဉ်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm